![]() |
သူတို့လေးတွေအတွက်တော့ ကျွန် |
သူတို့လေးတွေအတွက်တော့-ကျွန် 'ကဲ ပြောစမ်းပါအုန်းးးးး ငါတို့ဘာဆက်လုပ်ကြမလဲ' 'ဒါများဟာနင်ကလည်း လွယ်ပါတယ် လုပ်နေကြအတိုင်းလုပ်ပေါ့ဟ' 'အင်းးးး ဒါပေမယ့်နင့်အကို လူပျိုကြီးလွယ်ပါ့မလားမသိဘူး' 'လွယ်မှာပါဟာ ငါအကိုက ဟိတ်ဟန်ဘဲရှိတာဟ အမှန်တကယ်က ကြီးပေါကြီး နောက်ပြီးငါ့အကိုက နင့်ကိုစိတ်ဝင်စားနေတယ်ဆိုတာကိုလည်း ငါအကဲခတ်မိတယ်ဟ' 'ဟဲဟဲ ဒါကတော့ဟာ ငါကချောတာကို' မိုးယုနှင့်ဝတ်မှုံတို့သည် တက္ကသိုလ်ကျောင်းသူများဖြစ်ကြပြီး မေဂျာတူ ဝါသနာတူသည့် သွေးသောက်ညီမများပင် ဖြစ်ကြသည် မိုးယုသည်မေဂျာတခုလုံးတွင် queen ဖြစ်သလို ဝတ်မှုံ၏အလှသည်လည်း ယောက်ျားတို့၏အသဲကို ဖမ်းစားနိုင်ပေသည်။ ဝတ်မှုံသည် အိမ်မှလူကြီးများ အထက်မြန်မာပြည်ဘုရားဖူးသွားကြမည်ဆိုသောကြောင့် အိမ်တွင်လွတ်လွတ်လပ်လပ်ကဲရန် သူငယ်ချင်းများကိုသံပုံးရိုက်ဖိတ်ကြားခဲ့သည်။ အခုအခါတွင်တော့ရှုပ်ထုတ်အကိုက ဘုရားဖူးမလိုက်ဘဲ အိမ်တွင်ကျန်ခဲ့မည်ဆိုသောကြောင့် မိုးယုနှင့်နှစ်ယောက်သား ခေါင်းချင်းရိုက်နေကြခြင်းဖြစ်သည်။ အိမ်ရှိလူကြီးများ ဘုရားဖူးထွက်သွားသောကြောင့် အိမ်တွင် ကျွန်တော်နှင့်လူဆိုးမတစ်ယောက်သာကျန်ခဲ့ပါသည်။ လူဆိုးမကျွန်တော့ညီမသည် အိမ်တွင်လူကြီးများမရှိသဖြင့် အကြိုက်ကြီးကြိုကာ အိမ်တွင် သူ့သူငယ်ချင်းများနှင့် ပျော်ပျော်ကြီး ကဲနေပါတော့သည်။ ကျွန်တော်လည်း အစကတည်းက သူ့ကိုမနိုင်တာမို့ ဒီတိုင်းသာကြည့်နေရပါတော့သည်။ 'ကိုကြီး' 'ကိုကြီး' 'ဘာလို့တခါပြီးတခါခေါ်နေရတာလဲ' 'ဟိုလေ ဝတ်မှုံအိမ်မှာ ပါတီလေးလုပ်ပြီး သူငယ်ချင်းတွေနဲ့ကဲချင်လို့' 'တော်တော် မရဘူး မရဘူး' 'ကိုကြီးကလဲ' 'မရဘူးလို့ပြောနေတယ်လေ ငါ့ကိုအဲ့အကြောင်းထက်မပြောနဲ့တော့' 'မရဘူးဆိုတော့လည်းနေပေါ့' ဝတ်မှုံတစ်ယောက်အကြံထုတ်နေပါတော့သည်။ လက်နက်ကြီးထုတ်သုံးရန်လည်း သူမစဉ်းစားနေပါတော့သည်။ သူမ၏လက်နက်ကြီးကတော့ ******************* ကျွန်တော်လည်းအိပ်မပျော်သဖြင့် ဝရံတာသို့လမ်းလျှောက်ထွက်ခဲ့ပါသည်။ ဝရံတာအရောက်တွင်တော့ ကျွန်တော်ထက်အရင် လူတယောက်ဦးအောင်ရောက်နေပါတော့သည်။ ထိုသူကတော့ ညီမ၏သူငယ်ချင်းမိုးယုပင်ဖြစ်ပါသည်။ ကျွန်တော့ခြေသံကိုကြားသွားလို့ထင်သည် သူမသည် အနောက်သို့လှည့်ကြည့်လိုက်ပါသည်။ 'မိုးယုလည်းအိပ်မပျော်ဘူးလား' 'ဟုတ် ကိုကြီး အိပ်ယာအကူးအပြောင်းဆိုတော့ အိမ်မပျော်လို့ဝရံတာကို ထွက်လာခဲ့တာ' 'ကိုကြီးကရော အိပ်မပျော်လို့လား' 'ဟုတ်တယ် အကိုက ညဆိုသိပ်မအိမ်ဖြစ်ဘူး ဝါရံတာမှာဘဲ အချိန်ကုန်နေတတ်တယ်' ထိုနောက်နှစ်ယောက်လုံးအသံတတ်ကာ ညအလှကိုခံစားနေမိပါတော့သည်။ ထိုအချိန်တွင် အတွေးတခုကျွန်တော့်ဦးနှောက်ထဲဝင်လာပါသည်။ အဲ့ဒါကတော့ဝေသနာကို ကုသရန်ပင်ဖြစ်ပါတယ်။ 'မိုးယုကို အကိုစကားနည်းနည်းပြောချင်တယ်' 'ပြောလေအကိုကလည်းစကားပလ္လင်ခံနေသေးတယ်' သူမကပြုံးပြုံးရွှင်ရွှင်ဘဲမို့ ကျွန်တော်လည်း ဒဏ်ရာဟောင်းကို ဖြေပြလိုက်ပါသည်။ 'မိုးယုကို ကိုချစ်နေတယ်ဆိုတဲ့အကြောင်းပြောပြချင်လို့ပါ' 'ကိုအာကာ နှစ်ယောက်တည်းရှိတယ်ဆိုပြီးအခွင့်ကောင်းလိုချင်တာလား' ပေါက်ကွဲဒေါသထွက်ကာ ကျွန်တော်အား ပြောပါတော့သည်။ 'မ မဟုတ်ရပါဘူး မိုးယုရယ် ကိုကညီမကို တကယ်ချစ်တာပါ အခုမှပြောခွင့်ရလို့ပါ ကိုယ့်တသက်လုံးမှာ ရည်းစားလေးတခါဘဲထားဘူးတာပါ အခုအသက်၂၆နှစ်ရောက်တဲ့အထိပါဘဲ တကယ်ပါ ကိုယ်ပြောတာယုံပါနော်' ကျွန်တော်မျိုးစုံတောင်းပန်သဖြင့်အနည်းငယ်ဒေါသလျော့သွားပြီဖြစ်ကာ ကျွန်တော့်အားတည့်တည့်ကြီးကြည့်ကာ 'ဒါဆို အခုအချိန်ကစပြီးမိုးယုစကားကိုနားထောင်ရမယ် စကားနားထောင်ရင်စဉ်းစားပေမယ် ဟုတ်ပြီလား' ထို့သို့ပြော၍သူမအခန်းတွင်းသို့ပြန်ဝင်သွားပါတော့သည်။ ကျွန်တော်နိုးလာချိန်တွင်တော့ မိုးယုနှင့်ကျွန်တော့်ညီမ ဝတ်မှုံတို့သည် ထမင်းစားခန်းတွင် အစားအစာများကို အပြီဆွဲနေပါတော့သည်။ စားအပြီးတွင်တော့************** 'ကိုကြီး ညီမလေးအပြင်သွားလိုက်အုန်းမယ်နော်' 'မိုးယုကတော့နေမကောင်းလို့နေခဲ့မယ်တဲ့ ကိုကြီးလည်းဘယ်မှမသွားဘဲ မိုးယုကို စောင့်ရှောက်ပေးထားနော်' 'ဟာဝတ်မှုံကလည်း ကိုအာကာ့ကိုအားနာစရာ ကိုအာကာ သွားစရားရှိရင်သွားနော် မိုးယုတယောက်တည်းဘဲ အိမ်စောင့်နေပေးပါ့မယ်' 'မဟုတ်တာ မိုးယုနေမကောင်းဘူးမှတ်လား အခန်းထဲမှာသွားနားနေပါ အကိုလည်းဘယ်မှမသွားပါဘူး' ကျွန်တော်လည်း အပီဆွဲ၍ဧည့်ခန်းတွင် စာအုပ်ဖတ်နေပါတော့သည်။ ဝတ်မှုံအပြင်ထွက်သွားပြီဖြစ်သဖြင့် မိုးယုလည်းအခန်းအောင်းပါတော့သည်။
Post a Comment